
အိန္ဒိယ အခြေစိုက် ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) က ယနေ့
စတင်ကျင်းပသော ရသေ့တောင် ရခိုင်ဒေသလူထု အစည်းအဝေးသို့ သ၀ဏ်လွှာ တစ်စောင်
ရေးသား ပေးပို့ခဲ့သည်။ အဆိုပါ သ၀ဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်သည်။
—————————————————————————
ရခိုင်အမျိုးသားညီလာခံ (ရသေ့တောင်)သို့
ရခိုင်ပြည်အမျိုးသားကောင်စီ(
ANC)မှ တင်သွင်းသည့် သ၀ဏ်လွှာ
လေးစားအပ်ပါသော သဘာပတိကြီးများ၊ ညီလာခံ ဖြစ်မြောက်ရေးကော်မတီ အဖွဲ
့ဝင်လူကြီးများ နှင့် တကွ ရခိုင်ပြည် မြို့ နယ်အသီအ သီးမှ တက်ရောက်လာကြသော
ကိုယ်စားလှယ်တော်ကြီးများ၊ ပါတီ၊ အဖွဲ့အစည်းအသီးသီးမှ
ကိုယ်စားလှယ်တော်ကြီးများအား လေးစား စွာဂါရ၀ ပြုလိုက်ပါသည်။ ယခုကဲ့သို့
အကျပ်အတည်း၊ အခက်အခဲ အမျိုးမျိုးကြာထဲမှ ကြိုစားပမ်းစား၊ အမျိုသားရေး
တစ်ခုတည်း အတွက် ဦးထိပ်ထား လုပ်ဆောင်နေကြသည့်အတွက် အထူးပင်
ဝမ်းမြောက်ဂုယ်ယူမိပါသည်။
ရခိုင်ဒေသ လူထု အစည်းအဝေး ( ဓါတ်ပုံ- အနောက် ဘီလူး)
ယခုညီလာခံသည် ဖစ်ဆစ်ဂျပန် တော်လှန်ရေးနောက်ပိုင်း ကြာအင်းတောင်
ညီလာခံကြီးကဲ့သို့ အမျိုးသား ထုတစ်ရပ်လုံးအတွက် အရေးပါ အရာရောက်ပါသည်။
အမျိုးသားမျှော်မှန်းချက်ပန်းတိ
ုင်သို့ ဦးတည်ချီတက်ရာတွင်
လမ်းပြကြယ်ပမာ ဦးဆောင်လမ်းညွှန်လျှက်၊ မဖြစ်မနေ ချမှတ်ရမည့်
မူဝါဒရေးရာနှင့် ဖော်ဆောင်ရမည့် လုပ်ငန်းစဉ် ရေးရာများအထိ ခြုံငုံသုံးသပ်၍
ဆုံးဖြတ်ချမှတ် နှိင်ကြလိမ့်မည်ဟု ယုံကြည် ပါသည်။ သမိုင်တွင်ရစ်မည့် ဤညီလာ
ခံဖြင့် အစပျိုးလိုက်သည့် အမျိုးသားရေးလှုပ်ရှားမှု အဟုန်သည်
နောင်တွင်ပေါ်ထွန်းလာမည့် ရခိုင့် အမျိုးသား ကွန်ဂရက်တရပ်ကို
ကျင်းပနိုင်ရေးအတွက် အင်အားစုတည်မှုဆုံချက်တခုဖြစ်သည်
၊ ရှေ့ပြေးနိမိတ်
ကောင်းတခု လည်းဖြစ်သည်ဟုလည်း ကင်းပွန်းတပ်နိုင်ပါသည်။
တစ်မျိုးသားလုံးအတိုင်းအတာဖြင့် နယ်စပ်ဒေသများမှ အမျိုးသား ပါတီပေါင်းစုံ၊
အဖွဲ့ အစည်းပေါင်းစုံ၊ ပြည်တွင်းမှ အမျိုးသားပါတီပေါင်းစုံ၊
လူထုလူတန်းစားအဖွဲ့ အစည်းပေါင်းစုံ၊ အလွှာအသီးသီးတို့မှ ကိုယ်စားလှယ်
တော်များ နှင့်အတူ၊ အမျိုးသား၊ အမျိုးသမီး၊ ကျောင်းသား၊ လူငယ်၊ အလုပ်သမား၊
လယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် စုံညီစွာတက်ရောက်သည့် အမျိုးသား ကွန်ဂရက်
တစ်ရပ်ကို သင့်တော်သည့် ကာလတခုတွင် ခေါ်ယူကျင့်ပနှိုင်ရေးသည်
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲကာလ၏ တောင်းဆိုချက်များအနက်
အဓိကတခုဖြစ်ပါသည်။ ရသေ့တောင် အမျိုးသားညီလာခံသည် စိန်ခေါ်မှုအသစ်များကို
ရင်ဆိုင် ဖြေရှင်းနှိုင်မည့် နောင်အနာဂတ်အမျိုးသား ကွန်ဂရက်ကြီးအတွက်
အလားလာကောင်းများ ဖြစ်ပေါ်လာ အောင် လမ်းခင်းပေးနေပါသည်။
ထိုညီလာခံကြီးတွင် ခိုင်မာပြီး လက်တွေ့ကျသည့် အမျိုးသားရေး မူဝါဒများကို
ချမှတ်ကြရပါလိမ့်မည်။ တပြည်လုံးကို ကိုယ်စာပြုနှိင်မည့် ရခိုင့်
အမျိုးသားကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ကာ
ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ကြမ္မာ-ကိုယ် ဖန်တီးနိုင်မည့်
တန်းတူရည်တူစနစ်ဖြင့် ရခိုင်ပြည်ကို ရခိုင်သားများ အုပ်ချုပ်ရေး၊
ရခိုင်ရေးရာ မူဝါဒများနှင့် ရခိုင်ပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို
ရခိုင်အမျိုး သားများကပင် ချမှတ်ရေးဆွဲနိုင်ရေး၊ လုပ်ငန်းစဉ်များ နှင့်
အမျိုးသားအကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးရေး အတွက် ရခိုင်ပြည်မှ ထွက်သည့်
မြေပေါ်မြေအောက် သယံဇာတများကို ရခိုင်ပြည်နယ်အစိုးရကသာ စီမံခန့်ခွဲ
အသုံးပြုခွင့်ရှိရေး၊ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအပြင် ညီနောင်
တိုင်းရင်းသားများ ဖြစ်ကြသည့် ခမီးခေါ်မြို၊ သက်၊ ဒိုင်းနက်၊ ကမန်၊
ဟိန်းဒုတ်၊ ချင်းနှင့် ဘိုးစဉ်ဘောင်ဆက်ကပင် နေထိုင်လာသည့်
အမျိုးသားအကျိုးလိုလားသော မူဆလင်လူမျိုးစုများ၏ အသက်အိုးအိမ်၊ စည်းစိမ်
ချမ်းသာနှင့် အမျိုး၊ ဘာသာ၊ သနာကို ကာကွယ်နှိုင်မည့် ရခိုင်ပြည်
အမျိုးသားကာ ကွယ်ရေးတပ်မတော် တရပ်ပေါ်ပေါက်ရေးကို ဥပဒေဘောင်အတွင်းက
မဖြစ်မနေဖေါ်ဆောင်ကြရပါမည်။ သို့မှ သာ ရခိုင့် ကံကြမ္မာနှင့် ရခိုင်အမျိုးသား
ဂုဏ်သိက္ခာ ကို မုချပြန်လည်ဖေါ်ဆောင်နှိုင်ကြမည်
ဖြစ်ပါသည်။
ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)သည် ၂၀၀၄ ခုနှစ် ပထမအကြိမ် ရခိုင်ပြည်
အမျိုးသားညီလာခံတွင် အလားတူ မူဝါဒလမ်းစဉ်များကို ချမှတ်ခဲ့ပြီး
အခက်အခဲဆုံး ကာလများကို ရင်ဆိုင်ရင်း၊ ယနေ့တိုင် အကောင်အထည် ဖေါ်လုပ်ဆောင်
လျှက်ရှိပါသည်။ ယခုအခါ သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့်
တိုင်းရင်းသားအင်အားစုများနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လမ်စဉ်အတိုင်း
အခြား ချင်း၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ကရင်နီ၊ နှင့် တခြားသော
တိုင်းရင်းသားလူမျိုးစုငယ်များန
ှင့် ပင်လုံကဲ့သိုသော ညီလာခံတွင်
ရခိုင့်မူကို တင်ပြဆွေးနွေးနှိုင်ရန်နှင့် အမျိုးသား သဘောတူညီချက်
ပဋိဥာဏ်စာချုပ်စာတမ်းကို အားလုံးသဘောတူ လက်မှတ်ရေးထိုးနှိုင်သည့်
အဆင့်တခုကို ရောက်ရှိရန် တွန်းအားပေးလျှက် တိုင်းရင်းသား
ညီအကိုတော်များနှင့်အတူ ပူးပေါင်းလက်တွဲကာ အင်တိုက်အားတိုက် လုပ်ဆောင်လျှက်
ရှိကြောင်း ညီလာခံကိုစာလှယ်များအား ပွင့်လင်းစွာ အသိပေးအပ်ပါသည်။
လုပ်ငန်းစဉ်များ တဆင့်ပြီးတဆင့် တိုးတက်အောင်မြင်လာခဲ့ပြီးနောက်
ဝယ်
အမှန်တကယ်ပေါ်ထွန်းလာမည့် အမျိုးသားကွန်ဂရက်တွင် အမျိုးသားတရပ်၏
ကိုယ်ပိုင်လက္ခဏာများဖြစ်ကြသည့် အမျိုးသားနေ့၊ တော်လှန်ရေးနေ့၊
အမျိုးသားအောင်လံ၊ အမျိုးသားတံဆိပ်နှင့်၊ အမျိုးသား ဂုဏ်ကို
ထင်ဟပ်စေနိုင်သည့် အမျိုးသား တရားဝင်သင်္ကေတနှင့် အမျိုးသားရုံးသုံး၊
ကျောင်းသုံး ရခိုင့်စာပေတို့ကို အတည် ပြုပြဌာန်ပေးနှိုင်ပါလိမ့်မည်။
ထိုကဲ့သို့ အမျိုးသား လက္ခဏာ၊ သင်္ကေတများကို ယခင်ပြည်သူညီလာခံများမှ အတည်ပြု
မပြဌာန်းနှိင်ခဲ့ခြင်း သည်လည်း ရခိုင်အမျိုးသာညီညွတ်ရေး ပဋိဥာဏ်များ၊
ပန်းတိုင် ဦးတည်ချက်များကို တနည်းတဖုံ အာနည်းစေခဲ့သည်မှာ အမှန်ပင်
ဖြစ်ပါသည်။ သို့ရာတွင် ရခိုင်ညီလျှင် ဘင်္ဂလားပင်ပြင်တွင် ရေခြားမြေခြား
လူမျိုူခြားများတို့သည် ရိုးတိုးရိပ်တိတ် သော်မျှ ၀င်ရောက် ကျူးကျော်
မရဲခဲ့ မဖြတ်သန်းနှိုင်ခဲ့ကြောင်း သမိုင်းတခေတ်တွင် အထင်ကရပင်
ဖြစ်ခဲ့သည်မဟုတ် ပါလား။ ယနေ့ရခိုင်အမျိုးသားရေး နိုးကြားမှုသည်
ထိုအတိတ်အမိုင်း၏ ပြန်လည်တောင်းဆိုချက်နှင့်အညီ ပြန်လည်အသက်ဝင်လာခြင်းပင်
ဖြစ်ပါသည်။ ကျူကျော်သူများသည် အိမ်ပျော်နေသည့် နဂါးမင်းကို ကြမ်းတမ်းစွာ
လှုပ်နှိုးထစေခဲ့ခြင်းကြောင့်ြ
ဖစ်သည်။ ပြိုင်ဖက်ရှိမှသာ ညီညွတ်၊
တိုးတက်၊ အင်အားကြီးထွား တတ်သည့် အမျိုးသား လူစွမ်းကောင်းများ မွေးဖွား
ကြီးပြင်းရာ ဗျာဒိတ် ဘုံမိနက်သန်မြေသည် ယနေ့ကာလတွင် တုန်ဟီးလှုပ်ခါရင်း
အားမာန်သစ်လောင်းလာင်းလာပြီဖြစ်
ပါသည်။
ယနေ့ရခိုင်တမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာရပ်တစ်ခုလုံးကို
ခွဲခြမ်းစိတ်ဖြာသော် – အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို စိန်ခ်ါခြိမ်း
ခြောက်ခံနေရခြင်း၊ ၂၁ ရာစု၏ ဘာသာရေး၊ စီပွားအုပ်စိုးချယ်လှယ်နယ်ချဲ့ ရေး၊
လောင်စာဆီ အပြိုင်အဆိုင် လုယက်သည့် စက်မှုဖွံ့ ဖြိုးရေး၊ အာရှ ရေကြောင်း
စစ်ရေးဗျူဟာ အချက်အရှာကျသည့် နေရာ တွင်တည်ရှိနေခြင်းတို့နှင့် ဆက်နွယ်
နေကြောင်း တွေ့မြင်နိုင်ပါလိမ့်မည်။ အရှေး အနောက် နိုင်ငံရေး၊ စီးပွားရေး၊
စစ်ရေး ပြိုင်ဆိုင်ခြင်းနှင့် အင်အားချဲ့ ထွင်မှု၊ အာရှား အအေးစစ်ပွဲ (Asia
Cold War)၊ ၀ါ .. အားစမ်းပွဲများ၏ မျက်နှာစာတွင် ကျရောက်ခြင်းနှင့်
ဆက်စပ်ပါဝင်နေခြင်းတို့သည် ရခိုင်အမျိုးသားများအတွက် အကျပ်အတည်းများကို
ပိုမိုဖြစ်ပေါ်စေပါသည်။ သို့ရာတွင် ထိုအကျပ်အတည်းများကိုပင်
အကောင်းဖက်ကရှုမြင်ကာ ရေရှည် အမျိုးသား အကျိုးစီးပွားအတွက် အားဖြစ်စေရန်
မဟာမိတ်များနှင့် လက်တွဲပူးပေါင်း၍ ဗျူဟာမြောက် ဆောင်ရွက်နှိုင်လျှင်၊
ရခိုင်အမျိုးသားများ မျှော်မှန်းနေသည့် အန္တိမပန်းတိုင်သို့
မုချရောက်ရှိလာမည်သာဖြစ်ပါသည်။ အမြော် အမြင်ကြီးစွာ ကြိုတင်ပြင်ဆင်
ဗျူဟများကို ခင်းကျင်း ချမှတ်ထားနှိုင်ရေးသည်သာ အဓိက ပဓာနကျပေမည်။
လတ်တလောရင်ဆိုင်နေရသည့် လူမျိုခြားများ၏ကျူကျော်ရန်စမှု
မှုနှင့်
စီးပွားရေး အကျပ်အတည်း၊ လူငယ်များ ကိုယ့်အိမ်အ၀ိုက်ဝန်းတွင် ရှိမနေရသဖြင့်
ဖြစ်လာရသည့် ဦးနှောက် ယိုစီး ခြင်းပြသနာ၊ ရွှေသဘာဝ ဓါတ်ငွေနှင့်
ရခိုင်ပြည်တွင် ပညာရေး၊ လူမှုရေး၊ ကျမ္မာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့်
မရှိမဖြစ် လိုအပ်နေသည့် အခြေခံကစ၍ တိုးတက်ဖွန်ဖြိုးရေးများ အတွက် မူ၊
လုပ်ငန်းစဉ်များကို ဤညီလာခံမှ ချမှတ်နှိုင်လိမ္မည်ဟု အပြည်အ၀ ယုံကြည်ပါသည်။
တဆက်တည်းမှာပင် မိမိတို့အမျိုးသားအကျိုးစီးပွါ
းတည်းဟူသော စည်းဝိုင်းထဲရှိ မိတ်ဆွေကောင်း များနှင့် ရင်နှိးပွင်လင်းစွာ ဆက်ဆံခြင်းဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ြ
ပီး ရခိုင့်အမျိုးသားကောင်း စားရေးကို တဖက်တလးမ်းမှ အထောက်အကူပြုနှိုင်သည့် မူလမ်းစဉ်များကိုလည်း ခြုံငုံချမှတ်နှိင်ကြမည်ဟုယူဆပါ
သည်။
ယနေ့ကမ္ဘာသည် ကွန်ယက်ကမ္ဘာဖြစ်သည်နှင့်အညီ မိမိတမျိုးသားတည်းတွင်သာမက၊
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနှင့် ဆက်ဆံ၍ နေကြရပေသည်။ ယနေ့
ရခိုင်ကိစ္စသည်၊ ရခိုင်ပြည်၊ မြန်မာပြည်၊ အာရှတွင်သာမက
တကမ္ဘာလုံးအတိုင်းအတာဖြင့် ကျယ်ပြန်လျှက်ရှိသည်ကိုကား ကိုယ်စား လှယ်တော်
ကြီးများအားလုံး သီရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာလောက်တွေးပြီး
တစ်ရွာလောက် ဆုံးဖြတ်လုပ်ကိုင်ကြမှသာ တော်ကာ ကျပါလိမ့်မည်။ အမျိုးသား
မူလည်းမပျက်၊ နတ်လူသာဓုခေါ်နိုင်မည့် လောကပါလတရားများ၊ လူကိုလူလို
တန်ဘိုးထားခြင်း၊ ချစ်ခင်လေး စားးမှုများနှင့် အမုန်းအာဃာတ တရား
ကင်းစင်ပြီး၊ နိုင်ငံရေးရှုထောင့်မှ လက်တွေကျကျ
ဆုံးဖြတ်ချက်ချနိုင်ကြလိမ္မည်ဟု ယုံကြည်ပါသည်။
စစ်မှန်သည့်ရခိုင့်အင်အားသည် ကျွနှ်ုပ်တို့၏ နှလုံသားကြီးမြတ်မှု၊
တရားမျှတမှုကို မြတ်နိုးလိုလားတတ်မှု၊ လူသားတန်ဖိုးကိုသိ၍ လူသား ပီသစွာ
မြင့်မားကြီးကျယ်သည့် ယဉ်ကျေးတိုးတက်သော ရခိုင်အမျိုသားရေး
ရပ်တည်ချက်ပေါ်တွင် တည်ရှိသည်၊ အမျိုးသားတရပ်လုံး၏
နေက်ဆုံးရည်မှန်းချက်ပန်တိုင်သု
ိ့ အရောက် မောင်းနှင် နိုင်သည့်
ညီညွတ်ရေးခွန်အားတခု ဖြစ်ပေါ်လာစေမည့် ဤညီလာခံကြီးအား ရခိုင်ပြည်အမျိုး
သားကောင်စီ (ANC)မှ ကြိုဆိုထောက်ခံ ကြောင်းလေးမြတ်စွာ အသိပေးအပ်ပါသည်။
ညီလာခံ တက်ရောက်လာသူများနှင့်တကွ ရခိုင်ပြည်သူပြည်သားအပေါင်းရို့ ကိုယ်စိတ်နှစ်ဖြာကျမ္မာ ချမ်းသာပြီး၊ ဘေးဘယာအပေါင်းမှကင်းဝေးကြပါစေဟု
မောတ္တာပို့သအပ်ပါသည်။
အသျှင် အရိယ၀ံသ
ရခိုင်ပြည်အမျိုးသားကောင်စီ(
ANC)
အိန္ဒိယ နိုင်ငံ
No comments:
Post a Comment