Saturday, August 11, 2012

""ငြိမ်းချမ်းပါစေရခိုင်မြေ""တေးဂီတရန်ပုံငွေ ဖျော်ဖြေပွဲကျင်းပမည်

ရခိုင်ပြည်နယ်ရှိ အကူအညီ  လိုအပ်နေသော တိုင်းရင်းသား များအတွက် ““ငြိမ်းချမ်းပါစေ ရခိုင်မြေ””တေးဂီတ ရန်ပုံငွေဖျော်  ဖြေပွဲကျင်းပမည့် အစီအစဉ်အား စာနယ်ဇင်း ရှင်းလင်းပွဲကို ၂၀၁၂  ခုနှစ်၊သြဂုတ်လ (၈)ရက် မွန်းလွဲ  (၁)နာရီတွင် ရန်ကုန်မြို့၊ရွှေတိဂုံ  ဘုရားလမ်းနှင့်အနော်ရထာလမ်း  ထောင့်ရှိ CITY Center ပထမ ထပ်တွင် ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်း  ရင်းသားရေးရာဝန်ကြီး
ဦးဇော်  အေးမောင်မှကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ပွဲကျင်းပရေး ကိစ္စများ ဥက္ကဋ္ဌဒေါ်မြမြ၀င်း၊ရခိုင် ဒေသရှိ အကူအညီလိုအပ်နေ သော ရန်ပုံငွေရှာဖွေရေးတွင် ပါ ၀င်သော အနုပညာရှင်များ ကိုယ် စား ရခိုင်တိုင်းရင်းအဆိုတော် ဖော်ကာ၊မြသစ္စာအင်တာတိန်းမန့်  ကိုလင်းခန့်တို့မှရှင်းလင်းပြောကြား ခဲ့သည်။

အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားအဖွဲ့များ၊တေးဂီတအဖွဲ့ နှင့်တေးဂီတရှင်အနုပညာရှင်များ၊
 သတင်းမီဒီယာများမှ ပုဂ္ဂိုလ်များ  စုံလင်စွာတက်ရောက်ခဲ့ကြသည်။

““ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုး တက်နေတဲ့ နိုင်ငံတွေကိုလေ့လာ လိုက်ရင် မီဒီယာများကိုဦးစားပေး လျက်ရှိပါတယ်၊အဓိကပြောချင် တာကတော့ မီဒီယာတွေအနေနဲ့  အခုလိုကျင်းပမဲ့ပွဲမှာ ရန်ပုံငွေများ  များရရှိဖို့၊ရန်ပုံငွေများများရမှများ  များကူညီထောင်ပံ့နိုင်မှာမို့ သတင်း   မီဒီယာတွေအနေနဲ့ဂျာနယ်၊

စာ စောင်တွေမှာ ဝေေ၀ဆာဆာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြပေးဖို့ အကူအညီတောင်းရတာပါ””
ဟူ၍  ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်း ရင်းသားရေးရာဝန်ကြီးဦးဇော်အေး မောင်မှ ထည့်သွင်းပြောကြားခဲ့ သည်။

““ငြိမ်းချမ်းပါစေ ရခိုင်မြေ””  တေးဂီတ ရန်ပုံငွေဖျော်ဖြေရေး ပွဲကို ယနေ့နာမည်ကြီး တေးသံ ရှင်များစွားပါဝင် ဖျော်ဖြေပြီးရရှိ  လာမည့်အကျိုးအမြတ်အားလုံး  (အားလုံး)ကို ရခိုင်ပြည်နယ်ရှိ အကူအညီလိုအပ်နေသူများအတွက်   ပံ့ပိုးကူညီလှူဒါန်းမည်ဖြစ်သည်။

 အဆိုပါပွဲကို ရန်ကုန်တိုင်း၊မရမ်း ကုန်းမြို့နယ်၊မင်းဓမ္မလမ်းရှိMCCခန်းမကြီးတွင် သြဂုတ် (၂၄)ရက်၊ညနေ(၆)နာရီတွင် စည် ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Hot News

No comments:

Post a Comment

Arakan Army

Changing in Burma