Tuesday, September 4, 2012

ထိုင်းနိုင်ငံရောက် ရခိုင်အလုပ်သမားများ လှူဒါန်းငွေ ALP ခေါင်းဆောင်မှ ဒုက္ခသည်များသို့ လွှဲပြောင်းပေးအပ်

မောင်ရမ္မာ
ထိုင်းနိုင်ငံရောက် ရခိုင် အလုပ်သမားများမှ ALP မှတဆင့် စုပေါင်း လှူဒါန်းထားသောငွေများနှင့် RWU မှ စုဆောင်းကောက်ခံထားသော ငွေများကို စစ်တွေရှိ ဒုက္ခသည်များ စခန်းသို့ ယမန်နေ့က လှူဒါန်း လိုက်ကြောင်း သတင်း ရရှိသည်။


“ မနေ့ နေ့လည် ၂ နာရီခွဲမှာ စစ်တွေမှာရှိတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရုံးကို သွားပြီးတော့ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။ တွေ့ဆုံပြီးတဲ့အခါမှာ စစ်တွေမှာရှိတဲ့ မင်းဂံ ရခိုင် ဒုက္ခသည် စခန်းကို သွားရောက်ပြီးတော့ ထိုင်း နိုင်ငံ အလုပ်သမားတွေက ALP က တဆင် လှူဒါန်းထားတဲ့ အလှူငွေ ကျပ် ၃၅ သိန်းနဲ့ ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဘင်္ဂလားဒေ့ခ်ျနဲ့ အမေရိကန်နိုင်ငံက ကောက်ခံ ရရှိထားတဲ့ ကျပ်ငွေ ၁၁ သိန်းခွဲ၊ စုစုပေါင်း ၄၆ သိန်းခွဲကျော်ကို လှူဒါန်းခဲ့ပါတယ်” ဟု ALP ဗဟို အလုပ်အမူဆောင်ကော်မီတီဝင် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။
နိုင်ငံတော်၏ အစီအစဉ်ဖြင့် ပြည်တွင်းကို ခေတ္တ ရာက်ရှိနေသူ ဒေါ် စောမြရာဇာလင်းက သူမ ကိုယ်တိုင် စစ် တွေမြို့ရှိ ရခိုင် ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ ငွေများလှူဒါန်းခဲ့သည်ဟု ဆိုသည်။
၎င်းငွေများကို သွားရောက် လှူဒါန်းစဉ် သူမနဲ့ အတူ လိုက်ပါလာကြသည့် အဖွဲ့ဝင်များလည်း  တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

No comments:

Post a Comment

Arakan Army

Changing in Burma