Monday, September 17, 2012

မြေပုံမြို့ နယ် လွှတ်တော် ကိုယ်စားလှယ် လူထုရှင်းလင်းပွဲ လူပေါင်း ၃၀၀ ကျော် တက်ရောက်

မောင်ရမ္မာ
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ လွှတ်တော်အမတ် ဦးဖေသန်းက လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲတရပ်ကို စက်တင်္ဘာလ ၁၄ ရက်နေ့က ပြုလုပ်ရာ လူပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။


“  နေ့လည် ၁၂ နာရီမှာ လုပ်ပါတယ်။ မြေပုံမြို့ မြို့ဦးဘုရားမှာပါ။ လူပေါင်း ၃၀၀ ကျော် တက်ရောက် နား ထောင်ကြပါတယ်” ဟု ဟောပြောပွဲ တက်ရောက်ခဲ့သူ အမျိုးသမီးတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ဦးဖေသန်း ဟောပြောသွားသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး သူက ယခုကဲ့ သို့ ပြော သည်။
“ လွှတ်တော်မှာ သူတို့ တောင်းဆိုခဲ့တာတွေ၊ လွတ်တော်ထဲမှာ သူတို့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ နောက် ပြီးတော့ သမ္မတကြီး ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့် ပါဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ အကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေနဲ့ ထိန်းသိမ်းပေးဖို့၊ ပြည်သူတွေအနေနဲ့လည်း RNDP ပါတီနဲ့ ပူးပေါင်းလုပ်ဆောင်ပေးဖို့ အကြောင်းတွေကို ဟောပြောသွားပါတယ်။”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း သက် ဆိုင်ရာ မြို့နယ်တိုင်းတွင် ပြည်သူ့ လွှတ်တော်အတွေ့အကြုံများနှင့် သူတို့ တောင်းဆိုခဲ့သည့် တောင်းဆိုချက် များကို ပြည်သူများအား ရှင်းလင် ပြောကြားသွားရန် အစီအစဉ် ရှိသည်ဟု မြေပုံမြို့နယ် ပြည်သူ့ လွတ် တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ လွှတ်တော်မှာ တောင်းဆိုခဲ့တာတွေ၊ အတွေ့အကြုံတွေကို ရှင်းလင်း တင်ပြတာ ဖြစ်ပါတယ်။  သက်ဆိုင်ရာ မြို့နယ်တွေမှာလည်း တခြား လွှတ်တော် ကိုယ်စားလှယ်တွေက  ဟောပြောပွဲတွေ လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိပါ တယ်။”
ဟောပြောပွဲကို နေ့လည် ၁၂ နာရီအချိန်တွင် စတင်ပြီးနေ့လည် ၂နာရီအချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Arakan Army

Changing in Burma